Wednesday, May 15, 2013

ပုဇင်းရင်ကွဲတွေ အော်နေကြတယ် အော်နေကြတယ်

ပုဇင်းရင်ကွဲတွေ တကယ်ကြီးအော်တာပါ။ ရုံးထဲက လိုင်ချီးပင်ပေါ်မှာ ... ဆူညံနေတာ။ နေ့  ခင်းကြောင်တောင် နားကွဲမတတ် ပုဇင်းတွေ အော်တာ ဒီတစ်ခါပဲ ကြားဖူးပါသေးတယ်။

ကိုယ်တို့  ရုံးဝင်းထဲမှာ လိုင်ချီးပင်ရှိတယ်။ အောက်ပြည်အောက်ရွာမှာ ကြီးပြင်းတဲ့သူတွေ အဖို့  လိုင်ချီးသီးဆိုတာ ဈေးထဲမှာပဲ မြင်ဖူးခဲ့တာ။ အခုတော့ အပင်အကြီးကြီးတစ်ခုလုံး ရုံးဝင်းထဲမှာ ရှိတာ ပျော်စရာ။ ရုံးဘေးမှာလဲ ကြက်မောက်ပင် တစ်ပင်ရှိသေးတယ်။ အသီးပိစိလေးတွေ သီးနေပြီ။

ဒါက အသီးတွေ ပြွတ်နေတဲ့ လိုင်ချီးပင်


ဒါက ကိုယ့်စားပွဲပေါ်ရောက်လာတဲ့ အသီးချိုချိုလေးတွေ


အသီးတွေက တော်တော်လေးချိုတယ်။ ရန်ကုန်မှာ ၀ယ်စားရတာထက် အများကြီး ပိုချိုပါတယ်။

အားလုံးပဲ ပျင်းရိငြီးငွေ့  စရာ နေ့  လည်ခင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ။ ကိုယ်ကတော့ အသီးစားရင်း ကျော်ဖြတ်လိုက်ဦးမယ်။ အချိုစားတာ stress တွေလျော့ကျစေတယ်လို့  တော့ ပြောတာပဲ။