Monday, June 11, 2018
စက်ဝိုင်း
ဒါဟာ အဆုံးလို့ ထင်ခဲ့သော်လည်း အစမျှပင်ရှိသေးသည်ကို တစ်ချိန်က သိခဲ့ရင်.....
ခံစားရမှုဝေဒနာ တွယ်ငြိသောဒုက္ခ အထီးကျန်သိမ်ငယ်မှုများရဲ့ အဆုံးလို့ ကိုယ်တစ်ချိန်က ထင်ခဲ့ဖူးသည်။
လွန်ခဲ့သော ၁၀ နှစ်ကကျခဲ့သော မျက်ရည်တို့ ကို သုတ်ပေးခဲ့သောလက်က .... ကိုယ်ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရသမျှ ကိုယ့်ဘဝ ကိုယ့်ကမ္ဘာတစ်ခုလုံးကို နင်းချေဖျက်ဆီးပစ်လိမ့်မည်ကို တစ်ချိန်က သိခဲ့ရင် ....... 
ရူးမတတ်ခံစားခဲ့ရဖူးသမျှ နှင့် လက်တွေ့ ဘဝမှာ တကယ်ရူးသွားနိုင်ရခြင်း ကွာခြားချက်ကို ကိုယ်ကောင်းကောင်းသိခဲ့ပြီ။
ဘဝက ဘာကြောင့်ဒီလောက်ခက်ခဲသလဲ 
ကြိုးစားသမျှ အရာမထင်နိုင်ရအောင် စိတ်ခွန်အား လူအင်အား အနည်းငယ်မျှ မကျန်နိုင်အောင် ဘာကြောင့် ပင်ပန်းခါးသီးသလဲ
ဘဝ အစ .... ဘဝ အဆုံး .... မျက်ရည်သံသရာရဲ့ အဆုံးသတ်ကို .... တစ်ချိန်တစ်ခါတော့ ရောက်ဖူးချင်ပါသည်။
Kate Spade ကတော့ နာမည်ကြီး သူ့ ဘရန်း ဒီဇိုင်နာ ပုဝါလေးတစ်ထည်နဲ့ ................. အဆုံးသတ်သွားခဲ့သည်။
ကိုယ်အသက်ရှင်ချင်ပါသေးသည်။