Sunday, May 12, 2013

တိမ်ပြာပြာနေ့ တစ်နေ့ ဆန်းဒေးမှာကွယ်



ဒီနေ့ ကိုယ့်အချစ်ဆုံး သူငယ်ချင်းလေး စေ့စပ်ပါတယ်။ မနေ့က သူရန်ကုန်ရောက်တော့ ဖုန်းဆက်တယ်။ သူနဲ့ ကိုယ် အပြင်မှာ မတွေ့ရတာ ဘာလိုလိုနဲ့ ၄ နှစ်ကျော်လောက်ရှိတော့မယ်။
သူ့အတွက် ထိုက်တန်သူနဲ့ တွေ့သွားတာ ကိုယ်တကယ်ဝမ်းသာပါတယ်။ သူက သဘောကောင်းတယ်။ သူ့မိသားစု နောက်ခံအခြေအနေနဲ့ဆို ဟန်တခွဲသားနဲ့ နေလို့ရပေမယ့် အလွန်ပွင့်လင်းတယ်။ ဟိတ်ဟန်နည်းတယ်။ ချောလဲချော ချစ်စရာလဲကောင်းတယ်။ သူ့စေစပ်ပွဲ ကိုယ်သွားချင်ပေမယ့် လေယာဉ်ခ က လဲ ဒီနဲ့ ရန်ကုန် အသွားအပြန် ၃သိန်းလောက်ကုန်မှာ ကိုယ်မတတ်နိုင်။ ဒီတော့ မင်္ဂလာဆောင်ရင်တော့ ဆက်ဆက်လာပါ့မယ်လို့ပဲ သူ့ကို ချော့ထားရတယ်။
တနင်္ဂနွေမှာ သူများတွေ ဘယ်လိုအချိန်ကုန်လဲ မသိပေမယ့် ကိုယ်ကတော့ အ၀တ်တွေလျှော်၊ ထမင်းချက်စား၊ ပြီးတော့ အလုပ်နဲ့ခနဝေးတဲ့တစ်ရက်မှာ စိတ်အေးလက်အေးစာဖတ်၊ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ကော်ဖီသောက်၊ အသီးစား ဒီလိုနေရင်းနဲ့ပဲ ပျော်ပါတယ်။ ရှောပင်းစင်တာတွေလဲမရှိ၊ လျှောက်လည်စရာ သူငယ်ချင်းလဲမရှိ၊ မိသားစုနဲ့ လဲ ဝေးနေပေမယ့် စိတ်ကို တတ်နိုင်သမျှ ရှိတာလေးနဲ့ ချမ်းသာအောင် ထားဖို့ ကြိုးစားပါတယ်။
စိတ်ချမ်းသာမှုကို တိုင်းတာတဲ့ indicator ဆိုတာလဲ လူတစ်ယောက်နဲ့ တစ်ယောက်၊ အချိန်အခါ အခြေအနေ တစ်ခုနဲ့ တစ်ခု တူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ကာ ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် နေတတ်ဖို့ ကြိုးစားရတယ်။
ကိုယ့်အတွက် indicator ကတော့ ပူပင်သောကတွေ ခနမေ့ထားရမယ် …. စိတ်အေးလက်အေး နဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်နေရမယ်ဆိုရင် စိတ်ချမ်းသာမှုဆိုတဲ့ outcome ရာနှုန်းပြည့်ထွက်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စိတ်ချမ်းသာတဲ့ တနင်္ဂနွေဖြစ်ပါစေ။