Wednesday, March 4, 2015

What I Have Learned Today : Copy Blank Adjacent Cell in Excel


တခါတလေ Excel မှာ ဘေးကပ်ရပ် cell က ဒေတာတွေ ကော်ပီ ကူးရတာမျိုး ရှိပါတယ်။ data က နည်းနည်းလေးဆိုရင်တော့ ကိစ္စမရှိပေမယ့် row တွေအရမ်းများရင်တော့ လက်ညောင်း အချိန်ကုန်ပါတယ်။ ဒီလိုအချိန်ဆို ဒီ ဖော်မြူလာလေးနဲ့ အလွယ်ဖြေရှင်းလို့ရပါတယ်။

ပုံ (၁) ဆိုရင် Column C က value ကို လွတ်နေတဲ့ Column B မှာ ထည့်ချင်တာပါ။ ဒေတာ နည်းရင်တော့ ကော်ပီကူးထည့်လိုက်ရုံပါပဲ။ အကယ်၍ row အများကြီးအတွက်ဆိုရင်တော့ တမျိုးလုပ်ကြည့်ရမှာပါ။

ပုံ(၁)
ပုံ(၂)
Column D မှာ ဒီဖော်မြူလာလေး ထည့်ပါမယ်။ ပုံ(၂) မှာကြည့်ပါ။
=IF(C2="",B2,C2)
သဘောက C2 က blank ဖြစ်မယ်ဆိုရင် D2 မှာ B2 က value ကိုထည့်ပါ၊ C2 က blank မဟုတ်ဘူးဆိုရင်တော့ D2 မှာ C2 ရဲ့ value ကိုထည့်ပါလို့ ပြောတာပါ။ Column B နဲ့ C က blank မဖြစ်တဲ့ cell value တွေကို Column D မှာ ပေါင်းထည့်ခိုင်းလိုက်ပီး Column D ကိုပဲ ချန်ထားပါမယ်။ B နဲ့ C ကို မဖျက်ခင် Column D ကို Copy Past Value နဲ့copy ကူးဖို့တော့ မမေ့ပါနဲ့နော်။