Thursday, May 9, 2019

ရထားပေါ်ကမိန်းကလေး ရေချယ်



ရေချယ့်အကြောင်းကိုဖတ်ရတာ သူများတွေက မွန်းကြပ်တယ်တဲ့ .. ကိုယ့်အတွက်တော့ ရေချယ်ဟာ ကိုယ့်ကို တရားပြသွားတယ်
ကိုယ့်ဘေးနားကလူတွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ လူတွေကို ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ တစိမ့်စိမ့်တွေးရင်း ...................................................................................

ကိုယ်ကတော့ အမှန်ကို သဘောပေါက်သွားတဲ့ ရေ့ချ်အတွက် ပျော်တယ်
ကိုယ့်အတွက်လည်း ကိုယ်ပျော်တယ်
အရာရာဟာ ကိုယ့်အပြစ်ပါ ကိုယ်မလုပ်နိုင်လို့ ကိုယ်နည်းနည်းလေးပိုကြိုးစားဖို့ လိုသွားလို့ စသဖြင့် စသဖြင့်နဲ့ ကိုယ့်ဖာသ အကျဉ်းကျ နေတဲ့ကိုယ် ..... လွတ်မြောက်ရာ လမ်းကို တွေ့ သွားလို့ပျော်တယ် စိတ်သက်သာရာရတယ်
ကိုယ့်အပြစ်လို့ ကိုယ့်ဖာသာ ထင်နေအာင် အမှားကို ၀န်မခံတတ်တဲ့သူတွေ .... လောကပါလတရားကို မျက်ကွယ်ပြုသူတွေ တာ၀န်၀တ္တရားကို ရှောင်လွှဲသူတွေ့ ရဲ့ ၀န်းကျင်မှာ ကိုယ်ဟာ ကိုယ်လုပ်မိတာတွေ မှန်လားမှားလား ခပ်မေ့မေ့နဲ့ မသောက်ဘဲနဲ့ အတိတ်မေ့ရောဂါ ရချင်နေခဲ့တာ နှစ်ကာလတွေ ကြာခဲ့ပါပကော

စာအုပ်ထဲက ရေ့ချ်ဟာ ကိုယ့်အတွက်တော့ ဇာတ်ကောင်တစ်ကောင်ထက်ပိုပါတယ်

ကျေးဇူးတင်ပါရစေ ရေ့ ချ်ရေ