Sunday, October 29, 2017

The purpose


Today I have learned one thing accidently and fortunately. It is about the purpose of staying this life. It is "to think , to create, and to discover". That is why I live my this life and I forgot it so long ago. I am dull and felt empty inside since I forgot it. Over comsuming of information through social media and internet was main problem for me. Also I could reduce my facebook usage without prior notice that it cauesd me emptiness. And also I could enjoy reading again. And then .... I feel so peaceful and content by myself. I like phototaking and more using Instagram to show off my creation, and also blogging to express my feeling. Instead ....  I read book, and remind myself to go with slow pace.
"To think, to create and to discover" ..... that the purpose of this life, and I realized that I feel emptiness if I cannot think, create and discover. I think I could solve my life problem right now. I am not so sure, but at least I believe that I am on the right track now.




Wednesday, August 9, 2017

ပုဂံမှာ ဘာတွေဝတ်မလဲ

Fashion blogger တွေလို ရေးနိုင်လို့ တော့မဟုတ်ပါဘူး ..... ကိုယ့်လို ဆိုဒ်လွန် ခါးတုတ်တွေ ဘယ်လိုလေးဝတ်ရင်တော့ ပိုအဆင်ပြေနိုင်တယ် ဆိုတာလေးပဲ ဝေမျှချင်တာပါလေ
ပုဂံသွားမယ်ဆိုတော့ကာ မရောက်တာလည်းကြာ ရာသီဥတုအခြေအနေလည်း မသိတော့ ဘေးကင်းရန်ကင်း ချည်ထည်အကျီနဲ့ ချည်ဘောင်းဘီပွပွ စကပ်ရှည်ရှည်တွေ အဓိက ထည့်ဖြစ်တယ်
ရီဗျူးတွေ ဖတ်ကြည့်တော့လည်း မိုးလေးအုံ့ လေအေးအေးလေးတွေနဲ့ မိုက်တယ် ဘာညာ ဆိုတော့ ပုဝါတွေ ဘာတွေလည်း ထည့်ပေါ့ ...
တကယ်သွားတော့လား မိုးက အုံ့ရှာပါတယ် နေမပူတော့ တဲ့ အချိန်ဆိုရင် ... ခက်တာက နေက အချိန်တော်တော်များများပူနေတာပဲ ... ခုနောက်ပိုင်း ခရီးသွားဘလော့ကာတွေရဲ့ ရီဗျူးတွေက သိပ်မယုံရဘူးရယ်
ကဲ ဒါနဲ့ ပုဂံရောက်ရောဆိုပါတော့ ... ဟိုမှာ မနက် ၆ နာရီဆို နေပွင့်ပြီး ၇ နာရီဆို လင်းလင်းချင်းချင်းကြီးကို ပူနေပါပြီ ... ဟိုတယ်က မနက်ပိုင်း
အခန်းလွတ်တွေရှိလို့ ပေးဝင်တာနဲ့ ရေမိုးချိုး အလှပြင်ဖို့ အချိန်ရလိုက်လို့ လန်းလန်းဆန်းဆန်းတော့ ဖြစ်သွားပါရဲ့
ရောက်ရောက်ချင်း မနက်မှာ ၀တ်ဖြစ်တာကတော့ ချည်သားဘောင်းဘီ အပွလေးရယ် ချည်အကျီပွပွလေးရယ်ပါ .... ဓါတ်ပုံရိုက်ရင်လှတပတဖြစ်အောင်
အပြာနုလေး ရွေးထားတယ် ...

Day 1

မနက်ပိုင်းလည်ပြီးတော့ နေ့ ခင်းဟိုတယ်ပြန် .... နေ့ ခင်းနေပြင်းလွန်းတော့ ခေါင်းတွေကိုက် သေးတယ် .. ညနေ ၄ နာရီလောက်မှ ပြန်ထွက်ပေါ့ ... အဲဒီမှာ အင်္ကျီထည့်ပျင်းတဲ့ ကိုယ်နဲ့ အင်္ကျီတွေမလောက်တာနဲ့ စတွေ့ တာပဲ 
တစ်နေ့ တစ်စုံနှုန်းနဲ့ တွက်ပြီးထည့်လာတာ ... တကယ်ကျ ချွေးထွက်တာနဲ့ ပူတာနဲ့ တစ်နေ့ နှစ်စုံမှ အဆင်ပြေသလို ဖြစ်လာတော့ ခေါင်းခဲရပြီပေါ့ ... ဒါနဲ့ ပေပေတေတေပဲ မနက်က အင်္ကျီ ဘောင်းဘီပဲ ပြန်ဝတ်လိုက်တယ် 😁

ဒုတိယနေ့ ကျတော့ လည်သွားပြီ ... ဗူးဘုရားက ဝယ်လာတဲ့ အင်္ကျီအဖြူလေးနဲ့  ယူလာတဲ့ ချည်ဘောင်းဘီလေးနဲ့ မနက်ပိုင်းဝတ်တယ် 
Day 2 morning 

ညနေကျတော့ အပိုလိုလိုမယ်မယ်ထည့်လာတဲ့ အပြာရင့်ပေါ် အစိမ်းအညိုရော ပန်းခက်စိပ်လေးတွေပါတဲ့ စကဒ်ရှည်လေးနဲ့  ညနေ လူက ပင်ပန်းနေတဲ့ အချိန် ပေါ်အောင် အင်္ကျီကို အဝါလေး ဝတ်ဖြစ်တယ် 
Day 2 afternoon

အဝါက ပုံမှန်ဆို မဝတ်ဖြစ်တဲ့အရောင်ပေါ့ ... ခုတော့ ကံကောင်းပြီးထည့်လာမိတာ ရိုက်သမျှပုံတွေထဲ ဒီဝတ်စုံနဲ့ ပုံတွေကို တော်တော်လေးကြိုက်မိတယ်

နောက်ဆုံးနေ့ ကတော့ မနက်ပိုင်း ပိုင်ထန်းတော သွားမယ်ဆိုတော့ အေးလေမလားလို့ ပုဝါလေးပတ် ပဲများ ..... တကယ် ဟိုရောက်တော့ ချွေးတစို့ စို့ နဲ့ ပုဝါက ပူတာနဲ့ လှချင်တဲ့ ဒုက္ခ မသေးဘူး 😂
Day 3


ညနေပိုင်း စက်ဘီးလေးနဲ့ ဟိုနားဒီနားသွားတော့ မနက်ကဘောင်းဘီပဲဝတ် ... အခန်းထဲ နားနားနေနေ ဝတ်လို့ ရအောင် ထည့်လာတဲ့ စွပ်ကျယ် လက်ပြတ် လေးနဲ့ ဘုရားတွေပေါ်တက်ရင် အဆင်ပြေအောင် ပုဝါလေးပါ သယ်ရင်း ညနေပိုင်း ဟိုတယ်က ငှားတဲ့ ဘတ္ထရီ စက်ဘီးနဲ့  ဂျလန်းဂျလန်းပေါ့
စက်ဘီးထွက်မစီးခင် check out လုပ်တော့လည်း ဓါတ်ပုံက ရိုက်သေးတာ


နောက်ဆုံးဟိုတယ်ပြန် ရေချိုးပြီးတော့ မယ်ရိုက်ချင်တစ်ယောက် ခြေကုန်လက်ပန်းကျလို့ ဓါတ်ပုံတောင် မရိုက်နိုင်တော့ပါ

အချုပ်ပြောရရင်တော့ ဒီပုဂံခရီးမှာ အရင် ဝတ်နေကျ မဟုတ်တဲ့ ဘောင်းဘီပွပွလေးတွေ စကဒ်ပွပွရှည်ရှည်လေးတွေ အင်္ကျီ အရောင်လွင်လွင်လေးတွေက တော်တော်အဆင်ပြေသွားပါတယ် 
အထူးသဖြင့် အရင်လို ပိန်ညှောင်ရိုးမဟုတ်တော့တဲ့ ကိုယ့်အတွက် အသားတွေ အဆီတွေ ဖုံးပေးပြီး ပုံဆိုးပန်းဆိုး သိပ်မဖြစ်တော့လို့ တော်တော်လေးပျော်ပါတယ်

ချည်ဘောင်းဘီလေး ၂ ထည်က Next ကပါ ... စကဒ်ကတော့ လက်ဆောင်ရတာပါ 
ဓါတ်ပုံထဲမပါတဲ့ အသွားအပြန် ကားစီးတာကတော့ Ketch က sweat pant နဲ့ တခြား ချည်သား T-shirt  လေးတွေ တွဲဝတ်ပါတယ် ... ဒုတိယနေ့ က ချည် T-shirt အဝါလေးကလည်း Ketch ကပါပဲ

ဒီတစ်ခေါက်ခရီးသွားတာ Jean တစ်ထည်မှ မပါပါဘူး ... အသက်ကြီးလာလေလေ ပေါ့ပါးတာ ပိုပြီးဝတ်ချင်လာလေလေပါပဲ 

ရေးချင်သမျှဒီလောက်ပါပဲ ... အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးတွေ သွားနိုင်ကြပါစေ

 








Sunday, August 6, 2017

ပုဂံကပြန်ခဲ့တယ်




လက်ပန်းချီတွေဆွဲပြီး

မြင်းလှည်းစီးပြီး

Ebike စီးပြီး

ပိုင်ထန်းတောသွား ထန်းရည်သောက်ပြီး

ဂူဘုရားတွေထဲဝင် ဓါတ်ပုံတဖျတ်ဖျတ်ရိုက်ပြီး

sunset နဲ့ sunrise ကိုအပြေးအလွှားကြည့်ပြီး

လှတယ်ထင်တဲ့ ဓါတ်ပုံတွေ instagram တင်ပြီး

ခုခေတ်စားနေတဲ့ ပုဂံကပြန်ခဲ့တယ်


Thursday, July 6, 2017

After all tomorrow is another day


အခုတလော စိတ်ထဲမှာ သိပ်မကြည်လင်ပါဘူး။
နေရထိုင်ရတာ ပျင်းတယ် မတက်ကြွဘူး ရုံးလည်း မတက်ချင် ဘာဆိုဘာမှ မလုပ်ချင်မကိုင်ချင်နဲ့  လေးလံထိုင်းမှိုင်းလွန်းတဲ့ စိတ်ဓါတ်တွေဟာ မှိုင်းဝနေတဲ့ မိုးပျံ ပူဖောင်းလိုမျိုး တလွင့်လွင့်နဲ့ ။
ဒီနေ့ တော့ အဲဒီ မိုးပျံပူဖောင်း ပေါက်ဖို့ အကြောင်းဖန်လာတော့ အလုပ်ကိစ္စ စကားပြောရင်း ပက်သက်ရတဲ့ အချိုးမပြေလွန်းတဲ့ တစ်ယောက်ကို ထွက်တဲ့ဒေါသတွေနဲ့  တစ်နေ့ တာလုံး ပူလောင်နွမ်းဖတ်လို့ ပေါ့။
အိမ်အပြန်ကားပေါ်မလည်း ဒီဒေါသထွက်ရတဲ့ အကြောင်းပဲ ဆက်တွေးမိ ပြောမိနဲ့  . လမ်းမှာ လိုချင်တာလေးတွေ ၀ယ်စရာရှိတော့ ဆိုင်တစ်ဆိုင်ဝင်ပြီး ပြန်အထွက်မှာ ခုန ဒေါသနဲ့ စိတ်ညစ်စိတ်ဆိုးတွေ ခနပျောက်သွားတာ သတိထားမိတယ်။ ဒါပေမယ့် လူ့ စိတ်မို့ လား ခနနေတော့ ပြန်တွေးမိပြီး စိတ်ဆင်းရဲ ပြန်တာပါပဲ။
ဒီလိုနဲ ထုံးစံအတိုင်း ရုံးကနေအိမ် အိမ်ကနေရုံး သံသရာလည်နေတဲ့အတိုင်း အိမ်ပြန်ရောက် .. အိမ်ဦးနတ် ၀တုတ်က အပြင်မှာဆိုတော့ လိုက်လာဖို့  လှမ်းခေါ်တယ်။ ကိုယ်ဟာ အစားစားဖို့ ပျင်း ဖီးလိမ်းပြင်ဆင်ဖို့  ပျင်းပျင်းနဲ့ ပဲ . အကျီအသစ်လဲ ဆံပင်စည်း နှုတ်ခမ်းနီဆိုး အောက်ဆင်းရတယ်။ ချက်ချင်း သတိထားမိတာက ကိုယ့်စိတ်ဟာ တက်တက်ကြွကြွ ဖြစ်လာတယ်။
ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းတယ်လို့ ထင်နေတဲ့ လန်းဆန်းတဲ့ စိတ်ကလေးနဲ့  အိမ်က ၀တုတ်တို့ ဆီရောက် ဆိုင်မှာထိုင် စကားတွေပြောရင်း ရွင်လန်းလှတဲ့ကိုယ်ဟာ ညနေက ရုံးအပြန် ပင်ပန်းနွမ်းလျတဲ့ ကိုယ်နဲ့  လားလားမှ မတူပါလား။
ဒီလူတစ်ယောက်ချင်းအတူတူ အခြေအနေချင်းတူတူမှာတောင်မှ စိတ်နေစိတ်ထားနဲ့  ပြင်ပသွင်ပြင် ဆက်ဆံရတဲ့သူ ပြောင်းလဲရင် လုံးဝမတူတဲ့ လူ ၂ ယောက်လို ဖြစ်သွားတာကို သတိထားမိတယ်။
အလုပ်အကြောင်းဆက်ပြောရရင်လည်း ခါတိုင်းဆိုရင်တော့ ကိုယ့်စိတ်နဲ့ မတွေ့ တဲ့သူ ကိုယ့်ကို ဒေါသဖြစ်စေတဲ့လူကို အပြစ်တင်မယ်၊ ဒီလိုလူတွေနဲ့  မဆက်ဆံတတ်ဘူးလားလို့ လည်း ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မယ် . အပြစ်တင်ခြင်း စိတ်ပျက်ခြင်း သံသရာမှာ လုံးခြာလည်လိုက်နေတဲ့ အတွေးတွေထဲက လွတ်မြောက်ပြီး ကိုယ်မတွေးတတ်ခဲ့ဘူး အခုတော့ တစ်မျိုးစဉ်းစားတယ် . ကိုယ်ဟာ ဘာကြီးပဲ ဖြစ်ချင်ချင် ဘယ်လိုပဲ ကင်းအောင်နေနေ အမှိုက်ထဲနေရင်တော့ အမှိုက်နဲ့ တွေ့ မှာပါပဲ။
အမှိုက်နဲ့ မတွေ့ အောင်ဆိုရင်တော့ အမှိုက်တွေရှိတဲ့အထဲက ရုန်းထွက်နိုင်မှ ရမယ်လေ။
သက်သာလွန်းတဲ့ နေသားကျလွန်းတဲ့ အနေအထားတစ်ခုကနေ အားနဲ့ မာန်နဲ့ ခုန်ထွက်နိုင်ဖို့  ကြိုးစားပါမှ မတူခြားနားတဲ့ ဘ၀အခြေအနေ မတူခြားနားတဲ့ လူတွေရှိနေတဲ့ ပါတ်ဝန်းကျင်ကို ရောက်နိုင်မယ်လို့  နားလည်သဘောပေါက်မိတဲ့ အခါ . ကိုယ့်စိတ်တွေ လင်းသွားချင်းသွားတယ်။
အိမ်မက်တွေ ပြန်မက်ဖို့  . နှလုံးသားနဲ့  ဦးနှောက်တွေ အသားမာတက်အောင် ပြန်ကြိုးစားဖို့  ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ဘာမဆိုဖြစ်နိုင်တဲ့ မနက်ဖြန် ကို ရင်ဆိုင်ဖို့  အသင့် ဖြစ်နေတဲ့ အကြောင်း ကိုယ်ပြောပြချင်ပါတယ်။
အရင်လို လေးလံတဲ့ ခြေလှမ်းတွေနဲ့  မဟုတ်ဘဲ ခွန်အားပြည့် ခြေလှမ်းတွေနဲ့  ကိုယ့်မနက်ဖြန်ကို ရင်ဆိုင်မယ်။
အလှဆုံး ပြုံးလို့  အလင်းဆုံး စိတ်သဘောထားဟာ ကိုယ့်မနက်ဖြန်ကို ရောင်ပြန်ဟပ်စေမယ်။
မနက်ဖြန်အတွက် အစဟာ ဒီညမို့  ကောင်းစွာအိပ်စက်ခြင်းနဲ့ ဒီညကို အစပြုပါမယ်။
မအိပ်ခင် နားထောာင်တဲ့ သီချင်းလေးကတော့ Imagine Dragon ရဲ  Believer ပါ။
ဒီနေ့ ရဲ့ နာကျင်မှုဟာ ကိုယ့်မနက်ဖြန်အတွက် ခွန်အားဖြစ်စေ့မယ်လေ။
My love, my life, my drive, it came from ……
Pain !



Wednesday, May 24, 2017

Returning





ငါ့ဘလော့လေးငါ 
ဖုန်သုတ်ဖို့ ပြန်ခဲ့တယ်

ငါ့ခံစားမှု
ငါ့ဖြစ်တည်မှုနဲ့ 
ငါ့နှလုံးခုန်သံပြန်မှန်စေဖို့ 

ငါ့ဘလော့လေး ငါ ပြန်ခဲ့တယ်။