Tuesday, May 7, 2013

မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့

ဟိုတောင်ဆီက မိုးတွေညို့  ပြီဆိုရင်ဖြင့် နားထဲ အလိုလိုကြားလာတာက

"ဟိုတောင်ပေါ် ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်
မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့
ပါလာသည့် ရှန်တဘက်လေး ခေါင်းပေါ်တင်မိရင်ပဲ
သည်းသည်းမည်းမည်း ရွာပြန်တော့
ခမျာလေး ကင်ပွန်းခြုံစွယ်
နဘေးမှာ ပြေးကာ ၀င်သွားရှာသည်"

ဆိုတဲ့ ဒီသီချင်းလေးပဲ နားထဲ စွဲနေတယ်။ ဒါနဲ့   မိုးအေးအေးနဲ့  အလုပ်တွေများတဲ့ထဲက အချိန်ခိုးပီး ကိုအံ့ကြီးရဲ့  ရွှေမင်းဂံ သီချင်းကို ရှာဖွေနားထောင်ရင်း deadline အလုပ်တွေခန ပစ်ထားပါတယ်။

ရှာဖွေထားတဲ့ လင့်ခ် ကလေးက ဒီမှာပါ။ ဒေါင်းလုပ်ပဲ လုပ်လုပ် ဒီတိုင်းပဲ နားထောင်နားထောင် ၂ခုလုံး အဆင်ပြေပါတယ်။

Shwe Min Gan by Ko Ant Gyi