Thursday, June 18, 2020

ငါပ​ြန်ပ​ြီးမရောက်တ​ော့တဲ့ကမ္ဘာ



ဝေရင်

လန်ကျန့်

အဲဒီအပြုံးလေးနဲ့ အဲဒီစွဲဆောင်အားကောင်းတဲ့ မျက်၀န်း တစ်စုံကို စူးစိုက်ကြည့်နေရင်း ဘာလို့ ငါ့ ဘယ်ဘက်ရင်အုံက အောင့်အောင့်လာသလဲ

မနေချင်ဘူး ၂၀၂၀ မှာ .. ၂၀၁၈ ကို ပြန်သွားချင်တယ် ၂၀၁၉ ကို ပြန်သွားချင်တယ် … ငါ့မှာ time machine မရှိတော့ သူတို့ ၂ ယောက်ကို ပြန်ပို့ လို့လည်း မရဘူး ငါလည်း လိုက်သွားလို့ မရဘူး … The Untamed ကိုပဲ နေ့တိုင်း ပြန်ကြည့်ပြီးတော့ ၂၀၁၈ နဲ့ ၁၉ ကို ပြန်သွားမယ်

၂၀၁၈ နဲ့ ၂၀၁၉ ကို ပြန်သွားလို့ ရရင် ၂၀၀၈-၂၀၀၉ ကို ရော ပြန်သွားလို့ မရနိုင်ဘူးလား … ရင်ခုန်သံတွေ သူတို့လို လတ်ဆတ်ခဲ့တဲ့ အချိန်ကို တစ်ခေါက်လောက် ပြန်ပို့ ပေးပါ

၁၉၉၈-၁၉၉၉ ကိုရော … လူငယ်ဘ၀ရဲ့ တောက်ပတဲ့ အရှိန်အဝါတွေ တလက်လက်နဲ့ .. အနာဂတ်ဆိုတာ ငါတို့ နဲ့ တွဲချည်ထားခဲ့တဲ့ စကားစု ပေါ့ …. ရင်ခုန်သံတွေ တိုးတလှည့် ကျယ်တလှည့် ဖြူဖြူစင်စင် … မိဘရဲ့ အရိပ်မှာ အေးအေးချမ်းချမ်း

ခုတော့ မိဘတွေ ကိုယ်တိုင်ကလည်း မအေးချမ်းတော့ဘူး … ငါတို့မှာလည်း ကိုယ်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ မြေမြှုပ်သဂြိုလ်လိုက်တဲ့ ရင်ခုန်သံ အေးစက်စက်တွေနဲ့

၁၉၉၈-၉၉ က ဝေးတာပေါ့ … ၂၀၀၈ နဲ့ ၂၀၀၉ လည်း ဝေးသေးတာပဲ … အဲဒီတော့ အနီးဆုံး ၂၀၁၈-၂၀၁၉ ကိုပဲ The Untamed ကြည့်ရင်း ပြန်ပြန်သွားမယ် .. သူတို့ ဆီမှာ လတ်ဆတ် နွေးထွေး ချိုမြိန်တဲ့ နွေဦးရှိတယ် … ငါတစ်ခါက ရခဲ့ဖူးပြီး ပျောက်ဆုံးသွားခဲ့တဲ့ အရာပေါ့


No comments:

Post a Comment

Comment :) :) :)