Wednesday, June 17, 2020

An quiet evening




ညနေဟာ သိပ်အေးချမ်းနေတယ် သူ့ အရောင်အဝါနဲ့သူ သူ့ တေးသံသာနဲ့ သူ လောကကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း အလှဆင်နေတယ်

မိုးရွာပီးစ စိုစိမ်းနေတဲ့ သစ်ပင်တွေ အပြာနုနဲ့ ခဲရောထားတဲ့ တိမ်သားကောင်းကင် အိပ်တန်းတက်တော့မယ် ငှက်ကလေးတွေ ရဲ့ အသံ ဟာ တိတ်နေတဲ့ လောကထဲ စိတ်ကြည်နူးစရာ ကောင်းလွန်းအောင် ပျံ့နေ လွင့်နေတယ်

ဟုတ်တယ် လူသားတွေလုပ်ထားတဲ့ သဘာ၀ ကို ဆန့်ကျင်တဲ့ အသံတွေ မကြားရတာနဲ့တင် ညနေဟာ သိပ်သာယာနာပျော်ဖွယ်ကောင်းနေပြီ

ရင်ထဲမှာ အေးအေးချမ်းချမ်း … အနာဂတ်ကိုလည်း မပူဘူး … အတိတ်ကိုလည်း နာကျင်နောင်တရမနေတော့ဘူး

လက်ရှိအချိန်ကိုပဲ အေးအေးချမ်းချမ်း စိတ်ချမ်းချမ်းသာသာဖြတ်သန်းနိုင်ပြီ ဒီညနေရဲ့ အကူအညီနဲ့

ဟော .. နှပ်ထားတဲ့ ကော်ဖီနံ့လေး မွှေးတတ်လာပြီ

လောကဟာ နေတတ်ရင် ကျေနပ်စရာပါလို့ စကားလက်ဆောင်ပါးရင်း …. ညနေခင်းထဲ ……………………. တိုး           ၀င်            ပျောက်             ကွယ်


No comments:

Post a Comment

Comment :) :) :)