အဲဒီမြို့လေးရဲ့ ညတွေမှာပေါ့ .... အဲဒီညတွေရဲ့ မြစ်ကမ်းနဘေးမှာပေါ့ .... စိမ်းမြ သီချင်းကို အကျယ်ကြီးအော်ဟစ်ခဲ့ကြ။
မောင်လို နှမလို .... တူလို ဦးရီးလို .... မွေးကတည်းကပေါင်းသင်းလာတဲ့ သူငယ်ချင်းယောင်းမတွေလို
ချစ်ခင်နွေးထွေးခဲ့ကြ။
ဒီဖက်က ရိုးသားဖြူစင်မှုကို ဟိုတစ်ဖက်က တန်ပြန်လင်းပွင့်ခဲ့ကြ။
အဲဒီမြို့လေးမှာ လစာကောင်းကောင်း မရှိခဲ့ဘူး။
အဲဒီမြို့လေးမှာ ခိုင်မာတဲ့ အနာဂတ် မရှိသေးဘူး။
ဒါပေမယ့် .....
ယုံကြည်စိတ်ချရမှုရှိတယ်။
ပါးရေမတွန့်သေးတဲ့ မျှော်လင့်ချက်တွေရှိတယ်။
ချစ်ခြင်းမေတ္တာတရားနဲ့ သင်းပျံ့လတ်ဆတ်တဲ့ လေထုရှိတယ်။
အခုအချိန်မှာ မရှိတော့တာတွေ အကုန်လုံးပေါ့ ...... အဲဒီမြို့လေးမှာ ရှိခဲ့ဖူးပါတယ်။