Sunday, January 25, 2015

ဆွေး

တကယ်ဆို ဘ၀ဟာ သူ့အလိုလို နောက်ပြန်လှည့်ပြေးနေတာ ကြာပြီ။
အိုင်ဖုန်း နဲ့ ဘရန်းဒက်  အိတ်လှလှလေးတွေဟာ ဟို အရင်၅နှစ်က SG 10 တန် အိတ်ကလေးနဲ့ Nokia keypard လေးသယ်လာပေးတဲ့ပျော်ရွှင်မှုကို ခုထိ လုမယူနိုင်သေးဘူး။

အောချက်လမ်းဘေးမှာ ကော်ဖီလေးတစ်ခွက်ကိုင် အေးအေးဆေးဆေးတွေးငေးရင်း လူတွေကို လိုက်ကြည့်ခဲ့တဲ့ ညနေတွေ အကြိမ်ကြိမ် ပြန်လိုချင်တုန်းပဲ။

အဲဒီတုန်းက အနားမှာ ဘယ်သူမှ မရှိသလို အခုလည်း ဘယ်သူမှမရှိပါဘူး … အဲဒီတုန်းက ငြိမ်းအေးလွပ်လပ်မှုကတော့ အခုအချိန် ပြန်ရှာမရတဲ့ ရှေးဟောင်းပစ္စည်းဖြစ်သွားပြီ။

ဟုတ်တယ် … စင်ကာပူကို လွမ်းပါတယ် … ပျိုမြစ်တဲ့ အချိန်တွေကို လွမ်းတယ် … ရှေ့ရေးနောက်ရေးတွေ တွက်ဆစရာမလိုတဲ့ အချိန်တွေကို လွမ်းတယ် …. လွပ်လွပ်လပ်လပ်ရိုးသားခွင့်ရတဲ့ အချိန်တွေကို လွမ်းတယ်။

ဘ၀ရဲ့ ချိုမြိန်မှု ပျိုမြစ်မှု ရိုးသားစင်ကြယ်မှု ဒါတွေအားလုံးမရှိတော့တဲ့ဘ၀အသစ်တစ်ခုမှာ ဘာကိုတန်ဖိုးထားပြီး နေသွားရမလဲဆိုတာ …. ငါရှာဖွေနေတုန်း ရှာဖွေဆဲ ….. ဘယ်သူ့အချုပ်အနှောင်နဲ့မှ မဟုတ်ရဘဲ ကိုယ့်ဘ၀ထဲကိုယ် လိုလိုလားလား ပိတ်မိနေဆဲ ………….။ 

1 comment:

  1. ပြန်လာခဲ့ပါလား ညီမလေးရေ ပြန်ရှာကြမယ်လေ

    ReplyDelete

Comment :) :) :)