လွမ်းသူ့အိမ်မက်တွေ
နီးကပ်လာအောင် ဆောင်ကြဉ်းပေးတဲ့ နိုဝင်ဘာ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ။
အလွမ်းတွေထဲမှာ
အမေ့အိမ်က ကော်ဖီပူပူနွေးနွေး၊ စိတ်အေးလက်အေး နိုးထခွင့်ရတဲ့ မနက်ခင်းတွေ၊ ကိုယ်လုပ်ချင်
ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ခွင့်၊ ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ တွေ့ဆုံစကားပြောခွင့်
…. စသဖြင့် စသဖြင့် …… အရာအားလုံးဟာ အခုတော့ နီးနီးလေးပဲ။
နီးကပ်လွန်းလို့
တကယ်ဖြစ်လာတာမှ ဟုတ်ရဲ့လားရယ်လို့ သံသယ၀င်မိတာ အကြိမ်ကြိမ်။
လွတ်မြောက်တော့မယ်ဆိုတဲ့အချိန်မှာ
ရမိတဲ့ ပျော်ရွှင်မှုဟာ အတိုင်းအဆမဲ့ …. ဒီတော့မှ ကိုယ်ခံစားနာကျင်ခဲ့ရတာ ဘယ်လောက်တောင်
များနေခဲ့ပြီလဲလို့ အထိတ်တလန့် သတိထားမိတော့တယ်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်
မားမားမတ်မတ်ရပ်တည်နိုင်အောင် တချို့တချို့အရာတွေ စတေးပြီး ကြိုးစားခဲ့ပြီးနောက်မှာ
…….. နောင်များတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ဘယ်လိုအရာတွေနဲ့မှ မလဲတော့ဘူးလို့ ဆုံးဖြတ်မိပါရဲ့။