Monday, July 1, 2013

စိတ်



မငြိမ်သက်။ ဂယောက်ဂယက် ... ချည်ခင်ထွေးကမှ ရှင်းဦးမည်။

ဒီစိတ်ကိုဖြင့် ထိန်းလို့မနိုင်နိင်တော့။

မမျှော်လင့်နဲ့ဟု ဆုံးမသည်။ မလှုပ်ရှားနဲ့ဟု သတိကပ်သည်။

ဖေ့ဘွတ်သည် လည်းကောင်း၊ ဘလော့သည် လည်းကောင်း မကြာခင်ရမည့် လခသည် လည်းကောင်း မငြိမ်သော စိတ်ကို မဆွဲဆောင်နိုင်တော့ချေ။ လုပ်နေကြအလုပ်တွေကို မလုပ်ချင်၊ အရင်စိတ်ဝင်စားခဲ့သော စာကိုပင် မဖတ်ချင်။

ရမရ မသိခင်က ဘာမှမဖြစ် ..... ရတော့မည်ဟု မျှော်လင့်ချက် ရှိရုံဖြင့်ပင် သည်မျှပူလောင်သည်။
မျှော်လင့်ပြီး တကယ်မရရင်မူ ဘယ်လောက်ပူလောင်ဦးမည်မသိ။

လိုအင်ဆန္ဒဟူသည်ကား ပူလောင်သောအရာပါတကား။