Wednesday, August 20, 2014

အသက်ရှူ ပါ



















 သောကတွေ ဒေါသတွေပြေပျောက်ဖို့
အကောင်းဆုံးက အသက်ရှူ ပါ
လေအေးအေးလေးကို ရှူ သွင်းလိုက်
ပူပင်မှုတွေ ပြန်ရှူ ထုတ်လိုက်
အရှည်ကြီးရှူ သွင်း …. ပီးတော့ အရှည်ကြီး ပြန်ရှူ ထုတ်
အသက်ရှူ ခြင်းဟာ သဘာဝတရားပဲ
ငြိမ်းအေးမှုဟာ သဘာဝထဲမှာရှိရဲ့
လက်မလေးနဲ့ ညာနှာခေါင်းကိုပိတ် ဘယ်နှာခေါင်းကနေ ရှူ သွင်းလိုက်
ညာဖက်ကနေ ပြန်ရှူ ထုတ် …. ပြီးတော့ ပြန်ရှူ သွင်း …. ဘယ်ဖက်က ပြန်ထုတ်
ဘယ်နဲ့စခဲ့ရင် ဘယ်နဲ့ဆုံး
လောကထဲ အမုန်းအာာတ မီးတောက်တွေ စမိရင် မဆုံးနိုင်ခဲ့ခြင်းတွေ
မေ့ထားလိုက် …. အသက်ကို ဖြေးဖြေးလေးလေး အေးအေးဆေးဆေးရှူ
မျက်လုံးကိုဖွင့်ကြည့်ရင် လောကရဲ့ သူ့နဂိုအတိုင်းတည်ရှိမှုကိုမြင်ရမယ်
ကောင်းကင်ပြာ သစ်ပင်စိမ်း ငြိမ်းအေးတဲ့စိတ်နဲ့ကြည့်ပါ
အဆင်မပြေ စိတ်ပင်ပန်းမှုတွေ … အားလုံးကို ရပ်
ပြီးတော့ …..  အသက်ရှူ ပါ။


image from http://uncw.edu/counseling/inharmony/gettinginto.html

No comments: